Myanmar Dawn Blog မှကြိုဆိုပါသည်။ Welcome to Myanmar Dawn Blog

Wednesday, May 14, 2014

ရင့်ကျက်သူတစ်ယောက်ဖြစ်ဖို့

၁။ မဖြေချင်တဲ့မေးခွန်းမျိုးအမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးပြုံးပြပါ။
၂။လမ်းလျှောက်ချိန်ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေတဲ့လူတွေကိုနှုတ်မဆက်ချင်လျှင်ခေါင်းညိတ်ပြုံးပြပါ။
၃။သူငယ်ချင်းဆိုတဲ့သတ်မှတ်ချက်ကသင်အဆင်ပြေချိန်သူပျော်မယ်။ သင်အဆင်မပြေချိန်သင်နှင့်အတူသူပူပန်မယ် ဒါကိုသေချာမှတ်ထားပါ။
၎။ကိုယ့်ဆုံးဖြတ်ချက်ကိုယ်ချပါ။ ဖြစ်လာသမျှခံယူဖို့ပြင်ဆင်ပါ။ စမလုပ်ခင်လောကကြီးမှာ နောင်တကုဆေးဆိုတာမရှိကြောင်းကိုယ့်ကိုသတိပေးပါ။
၅။ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကိုရာနှုန်းပြည့်ကြိုးစားပြီးလုပ်ပါ။
၆။ကိုယ့်ကိုသေးသေးလေး လို့ နှိမ့်ချပြီး မျက်စီထဲမှာလောကအကြီးကြီး ကိုထည့်သွင်းထားပါ။
၇။လူတစ်ယောက်ကိုတစ်ကယ်ချစ်ရင် သူကိုလွပ်လပ်ခွင့်ပေး သွားခွင့်ပေးလိုက်ပါ။ တစ်ကယ်လို့သင့်ကိုသူတစ်ကယ်ချစ်ရင် သင့်ဆီသူပြန်လာပါလိမ့်မယ်။
၈။ကိုယ့်ကိုကာကွယ်ဖို့ဘယ်တော့မှဆင်ခြေမရှာပါနဲ့။ အမှားနောက်ကဆင်ခြေတွေကိုဘယ်သူမှနားမထောင်ချင်ကြဘူး။
၉။မလိမ်ညာပါနဲ့ အမှန်တရားဆိုတာ တစ်နေ့ပေါ်လာမြဲပါ။
၁၀။ ဘယ်တစ်ဦးတစ်ယောက်ကိုမျှအထင်သေးနဲ့။
၁၁။ အတိတ်ကိုသင်မမေ့ချင်လဲရတယ် ဒါပေမဲ့လက်လွတ်တတ်ရမယ်။
၁၂။ တစ်ခြားလူပြောတဲ့စကားကို ဦးနှောက်ထဲမှတ်ပါ။ ကိုယ်ကိုယ်ကိုတော့ စိတ်ထဲမှာမှတ်ပါ။
၁၃။ လောကကြီးမှာအတန်း အစားရှိတယ်။ မတရားမှုတွေများတယ် မညည်းညူပါနဲ့။
၁၄။ သင့်ကို သင်တွေးထင်ထားသလောက်ဘယ်တော့မှ အရေးမပါနိုင်ဘူး။
၁၅။ ငွေကြေးနဲ့ဖြေ၇ှင်းလို့ရသမျှကို ပြသနာလို့မခေါ်ဘူး။
၁၆။ ချစ်တယ်ဆိုတဲ့စကားကို ဘယ်အချိန် ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ကယ့်စိတ်ရင်းနဲ့ပြောပါ။ Sorry ဆိုတဲ့ စကားကို ဘယ်အချိန်ဘယ်နေရာမှာ ပြောပြော ပြောပြီဆိုရင် တစ်ဖက်လူရဲ့မျက်လုံးကိုကြည့်ပြီးပြောပါ။
၁၇။ အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှတစ်ဖက်သားကိုမဆုံးဖြတ်နဲ့။ ပြောစရာရှိတာကိုဖြေးဖြေးပြောပါ။တွေးစရာရှိတာကိုမြန်မြန်တွေးပါ။
၁၈။ ကိုယ့်ကိုယ် အားလပ်ချိန်လေးပေးပြီး တစ်ယောက်တည်း ထီးထီးနေကြည့်ပါ။
၁၉။ ကိုယ့်ပစ္စည်းမဟုတ်ရင်မယူပါနဲ့ ဘယ်လောက်ပဲနှစ်သက်နေပါစေ လက်လွတ်တတ်ဖို့နားလည်ပါ။
၂၀။ ကံကြမ္မာက ကိုယ့်အပေါ် အကြွေးတင်နေတာမဟုတ်ဘူး။ တစ်ကယ်တော့ကိုယ်ကြိုးစား မှု မလုံလောက်သေးတာ။
၂၁။ ကြိုးစားပါ၊ နည်းနည်း ထပ်ကြိုးစားပါ........ထပ်ထပ်ပြီးကြိုးစားပါ စိတ်ကူးအိမ်မက်တွေ အကောင်အထည်ပေါ်လာလိမ့်မယ်။
၂၂။ ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာဘယ်တော့မှ မရှိနိုင်သလို လမ်းထက်ဝက်တင်လက်လျှော့လိုက်တဲ့အောင်မြင်မှုဆိုတာလည်း မရှိဘူး။
၂၃။ လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူမရှိဘူး။ "ငါကြိုးးစားကြည့်ပြီးပြီလား" လို့ကိုယ်ကိုမေးကြည့်ပါ။


ဒီအချက်တွေလုပ်နိုင်ရင်သင်ရင့်ကျက်ပြီတဲ့

နိုင်းနိုင်းစနေရဲ့ စာသားလေးတွေ ကို သူငယ်ချင်းတို့အတွက် ကူးယူပြီးတင်ပေးလိုက်တယ်နော်။

No comments:

Post a Comment